CDNH မှ ကြီးမှုးဖွင့်လှစ်သည့် လူငယ်သင်တန်းများ (Youth Camps) နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ

သင်တန်းရည်ရွယ်ချက်။ ။ မိမိတို့နိုင်ငံ၏ အသွင်ကူးပြောင်းရေး အခန်းကဏ္ဍတွင် လိုအပ်သည့် နိုင်ငံသားများ၏ နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊ အသိပညာရပ်များအား ဖြည့်စည်းပေးနိုင်စေရေးကို ဦးတည်၍ CDNH အဖွဲအစည်း၏မူလရည်ရွယ်ချက်များအတိုင်းငြိမ်းချမ်းရေး၊မိမိတို့တိုင်းရင်းသားများ၊နိုင်ငံသားများအကြားအချင်းချင်းသဟဇာတဖြစ်စေရေး၊ပဋိပက္ခများအားမဖြစ်ပွားစေရေးနှင့်လျှော့ချနိုင်စေရေး၊ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာ တွင်အနှောက်အယှက်အဟန့်အတားများ လျှော့နည်းစေကာ ပူပေါင်းဆောင်ရွက်နိုင်သော လူမှုကွန်ရက် ထူထောင်ချဲ့ထွင်ပြီးလူငယ်များအား ဦးဆောင်မှု အခန်းကဏ္ဍမှ ဆောင်ရွက်နိုင်စေရေးအတွက် အသိပညာ နှင့် ကျွမ်းကျင်မှု များအား ဖြည့်စည်းပေးရန် အဓိကရည်ရွယ်ပါသည်။

လျှောက်ထားနိုင်မည့်သူများ

မြန်မာနိုင်ငံအတွင်း နေထိုင်သော အသက်(၁၆) နှစ်မှ (၃၅) နှစ်အတွင်း ပညာအရည်အချင်း အထက်တန်းအောင်ပြီးသူများ၊ သင်ကြားမည့် ဘာသာရပ်များအား စိတ်ဝင်စားသော၊ မိမိရပ်ရွာဒေသအတွက် အမှန်တကယ် အကျိုးဖြစ်စေချင်သော မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို ပူးတွဲပါ ဖောင်တွင် ဖြည့်သွင်းလျှောက်ထား နိုင်ပါသည်။ (ရွေးချယ်ခြင်း ခံရသူအား မိမိတို့အဖွဲ့အစည်းမှ ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ပါသည်)။

မှတ်ချက်။
ရွေးချယ်ခြင်း ခံရသူသည် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ရမည်ဖြစ်သည်။ ပညာအရည်ချင်းကန့်သတ်ချက်အတွက်အခက်အခဲရှိသော လူငယ်များအား၊ (အမှန်တကယ်အသိပညာ ရပ်များ တတ်မြောက် လိုပါက) လူတွေ့စစ်ဆေးရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန်ရွေးချယ်ခံရသူများသည် သင်တန်းသို့အသွား၊အပြန်ခရီးစားရိတ်နှင့် သင်တန်းကာလအတွင်းစားသောက်၊နေ၊ထိုင်စရိတ်များအား CDNH အဖွဲ့အစည်းမှကျခံသုံးစွဲပေးသွားမည်ဖြစ်ပါသည်။
 
သင်တန်းကာလ။
သင်တန်းကာလတစ်ခုလျှင် သင်တန်းတက်ရောက်ချိန် (၇) ရက်ကြာမြင့်မည်ဖြစ်ပြီး စခန်းသွင်းလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။ သင်တန်းတစ်ခုအတွက် သင်တန်းသား ဦးရေ (၅၀) ဦးစီလက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။

အမှတ်စဉ် (၃) ၂၆၊၉၊၂၀၁၉ မှ ၁၊၁၀၊၂၀၁၉ ထိ

အမှတ်စဉ် (၄) ၂၆၊၁၀၊၂၀၁၉ မှ ၃၀၊၁၀၊၂၀၁၉ ထိ

အမှတ်စဉ် (၅) ၁၀၊၁၁၊၂၀၁၉ မှ ၁၇၊၁၁၊၂၀၁၉ ထိ

 
သင်ကြားမည့်ဘာသာရပ်များ။

အမှတ်စဉ် (၃) (က) Introduction of History (ခ) Social Cohesion (ဂ) Conflict analysis

အမှတ်စဉ် (၄) (က) Human Rights (ခ) Women Rights (ဂ) Child Rights (ဃ) Disability Rights (င) Sex and Gender

အမှတ်စဉ် (၅) (က) Democracy (ခ) Constitution (ဂ) Federalism (ဃ) Active Citizen

 
လျှောက်ထားသူများ၏လိုအပ်သောအချက်အလက်များ။
အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြား လူငယ်များ၊ (လူမျိုး၊ ဘာသာ၊ ကျား၊ မ မခွဲခြားပါ) အလယ်တန်းအဆင့်ပညာရေးရှိသူများ။ မိမိဒေသအတွင်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး လုပ်ငန်းများတွင်တက်ကြွစွာပပါဝင်လုပ်ဆောင်လိုသူ။ သင်တန်းကာလတလျှောက် စည်းကမ်းလိုက်နာပြီး အပင်ပန်းခံနိုင်သူ။ မိမိကိုယ်ကိုယ် ထိန်းကျောင်းနိုင်သူ၊ တာဝန်ယူနိုင်သူ။ သင်တန်းပြီးဆုံးသည့်အထိမပျက်မကွက်တက်ရောက်နိုင်သူ။

သင်တန်းပို့ချမည့်ဘာသာရပ်များ

အောက်ဖော်ပြပါဘာသာရပ်များအား သင်တန်းအမျိုးအစားအလိုက်အလည့်ကျစီစဉ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။

 
၁။ မိမိနှင့် မိမိ၏ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအတွက် တာဝန်သိလူငယ်
  • ပြည်သူ့နီတိ (Civic Education)
  • ငြိမ်းချမ်းရေးအတွက်လိုအပ်သည့်အသိပညာ (Peace Education)
  • လူ့ အခွင့်အရေးများ (Human Rights)
  • ကျား၊ မ ရေးရာ (Gender)
  • အခြေခံသမိုင်းဘာသာရပ် (Introduction of History)
၂။ အခြေခံလူမှုအဆောင်အအုံလေ့လာရေးပညာ
  • နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(Constitution)
  • နိုင်ငံတည်ဆောက်ခြင်း၊အမျိုးသားရေးလက္ခဏာတည်ဆောက်ခြင်း(State & Nations building)
  • ဒီမိုကရေစီစနစ် (Democracy)
  • ဖယ်ဒရယ်စနစ်(Federalism)
  • ခေါင်းဆောင်မှုပညာ (Leadership)
  • လူမှုဆက်နွယ်ပေါင်းစည်းမှု (Social Cohesion)
  • လူမှုစည်းရုံးရေးပညာ (Social Mobilization)
၃။ လူမှု့စီးပွားရေးဖွံ့ဖြိုးမှုပညာ
  • စီးပွားရေးအသိ ပညာမိတ်ဆက် (Economics)
  • စီမံခန့်ခွဲမှု့ပညာမိတ်ဆက် (Introduction of Management)
  • သုတေသနပညာ (Research Methodology)
  • စီမံကိန်းချမှတ်ရေးစွဲစီမံခန့်ခွဲခြင်း (Project Management)
နေ့စဉ်အချိန်ဇယား
  • ၆:၀၀ အိပ်ရာထချိန်
  • ၇း၀၀ မှ ၈း၀၀ နံနက်စာစားချိန်
  • ၉း၀၀ မှ ၁၀း၃၀ သင်ခန်းစာပို့ချချိန်
  • ၁၀း၃၀ မှ ၁၀း၄၅ ကော်ဖီသောက်ချိန်
  • ၁၀း၄၅ မှ ၁၂း၀၀ သင်ခန်းစာပို့ချချိန်
  • ၁၂း၀၀ မှ ၁း၀၀ နေ့လည်စာစားချိန်
  • ၁း၀၀ မှ ၂း၄၅ သင်ခန်းစာပို့ချချိန်
  • ၂း၄၅ မှ ၃း၀၀ ကော်ဖီသောက်ချိန်
  • ၃း၀၀ မှ ၄း၃၀ သင်ခန်းစာပို့ချချိန်
  • ၄း၃၀ မှ ၅း၃၀ ကိုယ်ပိုင်ချိန်
  • ၅း၃၀ မှ ၇း၀၀ ညစာစားချိန်
  • ၇း၀၀ မှ ၉း၀၀ သင်ခန်းစာပြန်လည်ဆွေးနွေးချိန်
  • ၉း၀၀ မှ ၁၀း၃၀ တနေ့တာပြန်လည်သုံးသပ်ချိန်
  • ၁၀း၃၀ တနေ့တာအနားယူချိန်
သင်ခန်းစာပို့ချမည့်သူများ CDNH အဖွဲ့အစည်းမှ သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သူ၊လက်တွေ့လုပ်ငန်းခွင်တွင်းလုပ်ကိုင်နေသည့် လုပ်ငန်းအတွေ့အကြုံကောင်းများရှိသူ၊ နိုင်ငံသား ဆရာ/ဆရာမ အပြင် ဘာသာရပ်များအလိုက် နိုင်ငံတကာအတွေ့အကြုံရှိသူများ၊ နိုင်ငံတကာမှ ပညာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။
ကုန်ကျစရိတ်များ CDNH အဖွဲ့အစည်းသည် မိမိတို့နိုင်ငံအတွင်းရှိ နိုင်ငံသား လူငယ်များ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးကို အထူးလိုလားပြီး ၎င်းလူငယ်များမှ ကိုယ်တိုင်ဦးဆောင်မှုဖြင့် မိမိတို့၏ ဒေသအတွင်း လူမှုရေး၊ စီးပွားရေး၊နိုင်ငံရေး အခန်းကဏ္ဍများတွင်ဖွံ့ဖြိုးတိုးလာအောင် ဦးဆောင်စေလိုပါသည်။ ထို့ကြောင့် CDNH မှဖွင့်လစ်သည့် လူငယ်စခန်းသွင်းလေ့ကျင့်ရေး သင်တန်း ( Youth Camp) များသို့တက်ရောက်ရန် မိမိတို့၏ သဘောဆန္ဒများဖြင့် အဆိုပြုလာသူ့များ ထဲမှ သင်တန်းတက်ရောက်ရန် အရွေးချယ်ခံရသူများအား သင်တန်းတက်ရောက်စဉ်အတွင်း ကုန်ကျမည့် စာရွက်၊စာတမ်းများ၊ ဘော့ပင်၊ နှင့် လိုအပ်သည့် သင်တန်းအထောက်အကူပြု ပစ္စည်းများအား အခမဲ့ထောက်ပန့်ပေးသွားမည်ဖြစ်ပါသည်။
ခရီးစဉ်ကုန်ကျစာရိတ်များ CDNH မှ ဖွင့်လစ်သည့် သင်တန်းသို့တက်ရောက်ရန်ရွေးချယ်ခံရသူသည် မိမိနေအိမ်မှ သင်တန်းတည်ရှိရာ နေရာသို့ လာရောက်ခဲ့သည့် ခရီးစားရိတ် (ကား၊ မော်တော်၊ လေယာဉ်၊ ဆိုင်ကယ်) ကုန်ကျငွေများ (အသွားအပြန်)ကို သင်တန်းပြီးဆုံးသည်အထိ သင်တန်းစည်းကမ်းများ နှင့်အညီ တက်ရောက်ခဲ့ပါက CDNH အဖွဲ့အစည်းမှ ကျခံပေးသွားမည်ဖြစ်ပါသည်။ သို့သော် သင်တန်းပြီးဆုံးခြင်းမရှိဘဲ၊ သင်တန်းမှပြန်လည်ထွက်ခွာခြင်း ( စည်းကမ်းမလိုက်နာသဖြင့်သင်တန်းမှထုပ်ပယ်ခံရခြင်း) များအတွက် မည်သည့်ကုန်ကျစရိတ်ကိုမျှ ကျခံထုပ်ပေးမည်မဟုတ်ပါ။ (မှတ်ချက်။ ။ ခရီးစားရိတ်များအားလုံးတွင် မူရင် လက်မှတ်များ၊ ဘောင်ချာများ တင်ပြနိုင်သူများကိုသာ ပြန်လည်ထုပ်ပေးသွားမည်ဖြစ်ပါသည်။ မူရင် လက်မှတ် မပါရှိသူများအား ခရီးစာရိတ်ပြန်လည်ထုပ်ပေးမည်မဟုတ်ပါ)
နေရာထိုင်ခင်းနှင့်အစားအသောက်အစီအစဉ်များ CDNH ၏ သင်တန်းများသို့တက်ရောက်ရန်ရွေးချယ်ခြင်းခံရသူများအားလုံးအတွက် ကျား/မ သီးသန့် နေရာထိုင်ခင်များကိုစီစဉ်ပေးသွားမည်ဖြစ်ဖြစ်ပါသည်။ ( မိမိတို့၏ တစ်ကိုယ်ရေသုံး ပစ္စည်းများကို မိမိတို့၏ အစီအစဉ်ဖြင့်ယူဆောင်လာရပါမည်။) သင်တန်းသို့တက်ရောက်နေစဉ်ကာလအတွင်း အစားအသောက်များကို CDNH မှ စီမံကျခံပေးသွားမည်ဖြစ်ပါသည်။
သင်တန်းပြီးဆုံးပြီးမိမိတို့၏ အခန်းကဏ္ဍ CDNH မှ သင်တန်းပြီးဆုံးပြီး အသိအမှတ်ပြု လက်မှတ်ရရှိပြီးသူ သင်တန်းသားဟောင်းများ အနေဖြင့် မိမိတို့၏ ရပ်ရွာ၊ ဒေသအတွင်း လူမှုအကျိုးပြုလုပ်ငန်းများကိုပြန်လည် လုပ်ကိုင်ကြရန်ဖြစ်ပြီး၊ တစ်ဦးခြင်းအနေဖြင့်သော်လည်းကောင်း၊ မိမိတို့အချင်းချင်း ချိတ်ဆက်၍သော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်မှုများကို CDNH သို့ပြန်လည်တင်ပြရမည်ဖြစ်ပါသည်၊ မိမိတို့၏ လုပ်ဆောင်မှုမျာအလိုက် CDNH အနေဖြင့် နည်းပညာများပံ့ပိုးခြင်း၊ အရည်အသွေးမြှင့်တင်ပေးခြင်း၊ လိုအပ်သည့်အထောက်အပံ့များပံ့ပိုးပေးခြင်း၊ နိုင်ငံတကာအလှုရှင်များ၊ အဖွဲ့အစည်းများနှင့် ချိန်ဆက်ပေးခြင်းများကို ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ အနာဂါတ်တွင်ကောင်းမွန်သည့် မိမိတို့၏ လူ့အဖွဲ့အစည်းအတွက် လုပ်ဆောင်မှုများအား CDNH မှအစဉ်အမြဲအားပေးကူညီလိုသည်ဖြစ်ပါသဖြင့် မိမိတို့၏ လူ့အဖွဲ့အစည်းအတွက် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းအဆိုပြုလွှာများကို ယှဉ်ပြိုင်တင်ပြနိုင်ခွင့်ရရှိမည်ဖြစ်ပြီး CDNH ၏ မူဝါဒများအရ ရွေးချယ်ခြင်းခံရသည့်သင်တန်းသားဟောင်းများ (တစ်ဦးချင်း သို့မဟုတ် အဖွဲ့အလိုက်) ကို ၎င်းတို့၏လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး အတွက်ငွေကျပ် (သိန်း၂၀) နှင့် နည်းပညာများကို ကူညီထောက်ပံ့ပိုးပေးမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက သင်တန်း တာဝန်ခံ ဦးဝင်းမော်လှိုင်ဦး (မန်နေဂျာ၊ သင်တန်းရေးရာဌာန၊ CDNH၊ ဖုန်းနံပါတ် - 09-895153350 / Email: [email protected] သို့ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

သင်တန်းလျှောက်လွှာ